Back to Human Rights Defenders and Promoters Network (Burma)

လူ့အခွင့်အရေးနေ့ အမှတ်တရ ကျုပ်တိွုှ့ရဲ့ အိပ်မက်

by Khun Saing on Tuesday, December 14, 2010 at 8:05pm

ယောင်ဝါးဝါး made good, feel good ကိစ္စများနဲ့ အမှတ်တရ ကိုမြင့်အေး

“Integrate different views, stop war

and work for peace”

(Daw Aung San Su Kyi )

Meeting with political prisoners' family members at party headquarters in BahanTownship, Rangoon, on the occasion of 62nd UN International Human Rights Day.

ကျွန်တော့်ကို Tag လုပ်လာတဲ့ ဆောင်းပါး စာတမ်းအပြည့်အစုံ ကို မဖတ်ရလို့ယောင်ဝါးဝါး ဖြစ်နေပေမယ့် နိုင်ငံရေး လုပ်ဆောင်နေသူများကို ရည်ညွှန်းချင်သည်ဆိုသောကြောင့် နဲနဲပြန်တို့လိုက်ပါတယ်။ ဒီကမ္ဘာကြီးထဲမှာ လူတွေဟာ ကိုယ်ရပ်နေတဲ့ နေရာကနေ ပြောနေဆိုနေတာတွေကြောင့် ဘောင်လေးတွေ ကို စုပေါင်း သတ်မှတ်လာကြပါတယ်။ ဒါကြောင့်လည်း Universal Declaration of Human Rights တို့ Geneva Convention တို့ ပေါ်လာရပြီး ၀ိုင်း လက်မှတ်ထိုးထားကြရတာပေါ့။ ကျွန်တော်တို့ တိုင်းပြည်လည်း လက်မှတ်ထိုးထားတဲ့အထဲမှာ ပါတယ်လေ။

လူတွေမှာ Dream တွေရှိတယ်။ မာတင်လူသာကင်း ရဲ့ အိပ်မက်က နှစ်ရာချီမက်ခဲ့ရတယ်။ ခုတော့ အိုဘားမား ကို သူမြင်မသွားရှာဘူး။ မင်ဒဲလားလည်း ရော်ဘင်ကျွန်းလေးမှာ အလွန်အထီးကျန်စွာနဲ့ ၂၇ နှစ်ကြာအောင် အိပ်မက်တခုကို သူမက်ခဲ့တယ်။ ဒီအိပ်မက်နဲ့ အသက်ရှင်ပြီး ဒီအိပ်မက်အတွက်အလုပ်လည်းလုပ်ခဲ့တယ်။ ခုတော့ သူဟာ နေပျော် သေပျော်ပြီပေါ့။ အရင်တုန်းကတော့ သူ့တိုင်းပြည်ထဲမှာလည်း သူ့ကို လည်း feel good နဲ့ ရှင်နေသူလို့ သူ့လိုပဲ ပညာတတ်တဲ့သူ တချို့က မြင်ခဲ့ကြရေးခဲ့ကြမှာပါ။

ဗမာပြည်ထဲမှာနေတုန်းက သူငယ်ချင်း ကိုမြင့်အေး ပေးတဲ့ ကုလသမဂ္ဂ က ထုတ်ဝေတဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းလေး ကို အိပ်ထဲမှာ ထည့်ထားတာ- နောက်ထပ်--ကျောင်းနေဖက် ပါမောက္ခ တယောက်က တွေ့သွားတော့ - ရှင်ထပ်အဖမ်းခံချင်လို့လား - လို့ မေးတာခံရဖူးတယ်။ သိတ်ဝမ်းနဲစရာကောင်းတဲ့တိုင်းပြည် ။ လူတွေဟာ ကိုယ်ဘယ်နေရာ ဘယ်အဆင့်ကိုရောက်နေတယ်ဆိုတာ မသိကြဘူး...

to comment